Promotions and events

စားရင်းလှူ… လှူရင်းစား… / 食べて応援、応援して食べよう! September Connect Charity Event

🥰🍜 စားရင်းလှူ… လှူရင်းစား… ❤️ September လရဲ့ Connect Monthly Charity Event လေး တော်လှန် Foodie လေးတွေအတွက် ထပ်မံရောက်ရှိလာပါပြီရှင့်✨ ဒီတစ်ခါမှာတော့ မြန်မာ့အရသာစစ်စစ်နဲ့ အရမ်းလိုက်ဖက်တဲ့ Special Set Menu လေးကို ပြင်ဆင်ထားပါတယ်နော် 😋 🍽️ Main Set Menu — ¥1,500 🥗 မြန်မာစတိုင် အသုပ်စုံ 🍨 ရွှေရင်အေး (မုန့်လက်ဆောင်းဖတ်မပါ) အရသာစုံလင်တဲ့ မြန်မာစတိုင် အသုပ်စုံလေးနဲ့ ချိုအေးမွှေးပြီး နူးညံ့တဲ့ ရွှေရင်အေးလေး ကို တစ်ခါတည်း သုံးဆောင်ရင်း… ဗိုက်လည်းပြည့်၊ အလှူလည်းဖြစ် စေမယ့် Set Menu လေးပါနော် 🤤❤️ စားရင်းနဲ့ ကိုယ်တိုင်လည်း ပျော်ရွှင်ရသလို မြန်မာပြည်တွင်းက လိုအပ်နေသူတွေအတွက်လည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မှာမို့ ဒီတစ်ခါလည်း Connect ကို အရောက်လာခဲ့ကြပါဦးနော် 🥰 ━━━━━━━━━━━━━━━ ✨ Side Dishes Menu လေးတွေလည်း ရှိပါတယ်ရှင့် •မသီတာကြော်တဲ့ စမူဆာကြော် •TTmy Sweet Memoriesရဲ့ မြန်မာမုန့်မျိုးစုံ •TT cho ရဲ့ တို့ဟူးကြော် •ကွီး ပဲကြော်ရဲ့ စာကလေးခွေကြော် •မမခိုင်စံရဲ့ နို့မလိုင် 😋 တစ်မျိုးချင်းစီကလည်း အရသာရှိ… ❤️ စားရင်းနဲ့လည်း အလှူတစ်ခု ပါဝင်နိုင်… ဒီမှာ သုံးဆောင်အားပေးလို့ရရှိလာတဲ့ အမြတ်ငွေများကို မြန်မာပြည်တွင်းက စစ်ရှောင် တိုင်းရင်းသားမောင်နှမများအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီများ အဖြစ် ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။ 🙏❤️ ━━━━━━━━━━━━━━━ 🛒 Pre-Order လေးလည်း တင်ထားလို့ရပါတယ်နော်! Order Link မှာ “Connect Charity Event” ကိုရွေးပြီး— 🍽️ Dine-In 🥡 Take-Out 📦 Yamato Cool Delivery တို့နဲ့ ကြိုတင်မှာယူနိုင်ပါတယ် ✨ ဆိုင်ရောက်မှ မှာစရာမလိုဘဲ Online ကနေ အလွယ်တကူ Pre-Order တင်ထားလို့ရပါတယ်နော် 💕 📦 Yamato Cool Delivery Order လေးတွေ အချိန်မီရောက်ရှိနိုင်အောင် သောကြာနေ့ နေ့လည် 12:00 နာရီ နောက်ဆုံးထားပြီး Order တင်ပေးပါရှင့် 🙏🏼 ✨ Order Link is here ✨ kitchenbyconnect.com 🔥 Connect မှာပဲ စားခွင့်ရမယ့် တော်လှန်မောင်နှမတွေရဲ့ ရှယ်လက်ရာလေးတွေ ဖြစ်တာကြောင့် ဒီလိုမြန်မာ့အရသာလေးတွေကို လက်လွှတ်မခံလိုက်နဲ့နော် 😉❤️ စားရင်းလှူ၊ လှူရင်းစားဖို့ September Connect Charity Event မှာ တွေ့ကြမယ်နော်! 🥰❤️ 📍 EVENT INFORMATION 📅 Date: 2026.9.12 (Sat) ⏰ Time: 12:00 – 16:00 📍 Venue: 榎町地域センター 🚉 Nearest Station: Waseda Station 〒162-0042 東京都新宿区早稲田町85番地